





Helix ရဲ့
ပညာရေးပရိုဂရမ်များ
Helix မှာနိုင်ငံတကာအဆင့်မှီ ဗြိတိန်သင်ရိုးညွှန်းတန်းအတိုင်း Primary 4 ကနေပြီးတော့ IGCSE Level အထိ Helixer တွေအတွက် ထူးချွန်သောပညာရေးခရီးစဥ်ကိုလျှောက်လှမ်းနိုင်ဖို့ သင်ကြားပေးနေပါတယ်။
Helix ရဲ့ပညာရေးပရိုဂရမ်တွေကို ဉာဏ်ရည်ဉာဏ်သွေး၊ စူးစမ်းလိုစိတ်၊ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ သင်ယူလိုစိတ်တွေပိုမိုမြင့်မားလာအောင် ပံ့ပိုးပေးတဲ့ပတ်ဝန်ကျင်တစ်ခုနဲ့ ပညာရေးလမ်းကြောင်းကို အကောင်းဆုံးလျှောက်လှမ်းနိုင်ဖို့ သင်ကြားပေးလျှက်ပါ။
သင့်ကလေး၏ ပညာရေးခရီးစဥ်အခုမှစတင်သည်ဖြစ်စေ၊ အနာဂတ်ပညာရေးလမ်းကြောင်းအတွက်ပြင်ဆင်နေသည်ဖြစ်စေ၊ Helix ရဲ့ပညာရေးပရိုဂရမ်တွေက လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးပြီးတော့ ကူညီပေးပါရစေ။
Primary
သင်ကြားပေးနေသောဘာသာရပ်များ
- English
- Mathematics
- Science
- History
- Geography
- ICT (Information and Communications Technology)
- Art and Music
- Myanmar Language
- Activity
Secondary
သင်ကြားပေးနေသောဘာသာရပ်များ
- English
- Mathematics
- Physics
- Chemistry
- Biology
- Business
- Global Perspective
- ICT (Information and Communications Technology)
- Art and Music
- Myanmar Language
- Activity
IGCSE
သင်ကြားပေးနေသောဘာသာရပ်များ
- English as First Language (EFL)
- English as Second Language (ESL)
- Further Pure Mathematics
- Mathematics B
- Physics
- Chemistry
- Biology
- Human Biology
- ICT (Information and Communications Technology)
- Computer Science
- Business
- Economics
- Accounting
HND
သင်ကြားပေးနေသောဘာသာရပ်များ
- HND Foundation
- Business and the Business Environment
- Marketing Processes and Planning
- Human Resource Management
- Leadership and Management
- Accounting Principles
- Managing a Successful Business Project
- Business Data and Numerical Skills
- Operation Management
- Research Project
- Organisational Behaviour
- Management Accounting
- Principles of Operations Management
- Identifying Entrepreneurial Opportunities
- Strategic Human Resource Management
- Digital Marketing
OSSD
သင်ကြားပေးနေသောဘာသာရပ်များ
- Social Science Stream
- Engineering & Technology Stream
- Business, Maths & Computer Science Stream
- Health & Science Stream
TESTIMONIALS
Helixer တွေရဲ့ စကားသံများ

Helix International School မှာတက်ရောက်ရတာကိုအရမ်းနှစ်သက်ပါတယ်။ ဝန်ထမ်းများအားလုံးလည်း အလွန်ကိုကြင်နာတတ်ပြီးစိတ်ရှည်ပါတယ်။ အတန်းဖော်တွေနဲ့ ဆရာဆရာမတွေကလည်း အရမ်းကိုဖော်ရွေပြီး ပေါင်းသင်းဆက်ဆံရအရမ်းလွယ်ကူပါတယ်။ ဆရာဆရာမတွေရဲ့ ရှင်းလင်းတဲ့ရှင်းပြပုံတွေ၊ သင်ယူမှုကိုအထောက်အကူဖြစ်စေတဲ့ အကြံဉာဏ်တွေ၊ စာမေးပွဲမတိုင်ခင်စမ်းသပ်တဲ့ မေးခွန်းတွေ၊ ပင်ပန်းမှုတွေကို သက်သာစေမယ့် ဟာသလေးတွေနဲ့ ဆက်ဆံမှုလေးတွေက အရမ်းကို အထောက်အကူပေးပါတယ်။ ပညာရေးမှတ်တိုင်ကိုရောက်ရှိနိုင်ဖို့အတွက် သူတို့ရဲ့ဖေးမကူညီမှုတွေက သင်ယူမှုတွေအတွက်အရမ်းကိုအကူအညီဖြစ်စေပါတယ်။

2021 စက်တင်ဘာမှ Helix ကိုစတင်တက်ရောက်ခဲ့ပါတယ်။ Helix ကအရည်အသွေးပြည့်မှီတဲ့ သင်ရိုးညွှန်းတမ်းတွေအပြင် ကျောင်းတွင်းကလပ်တွေ၊ ကျောင်းသားပါတီတွေ၊ Online နဲ့ကျောင်းတွင်းကျောင်းသားကျောင်းသူတွေအတွက် နေ့ချင်းပြန်ခရီးစဥ်လေးတွေပြုလုပ်ပေးပါတယ်။ စကားရည်လုပြိုင်ပွဲမှာလည်းပါဝင်ခဲ့ပြီး ပြင်ပစကားပြောစွမ်းရည်လည်း ပိုမိုတိုးတက်လာခဲ့ပါတယ်။ Helixer အဖြစ်ကိုယ့်ကိုယ်ကို ဂုဏ်ယူမိပါတယ်။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကလည်း အရမ်းဖော်ရွေပြီး ကျောင်းသားကျောင်းသူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အမြဲအဆင့်သင့်ရှိနေပါတယ်။

Helix ကကိုယ့်ရဲ့ဒုတိယအိမ်လိုခံစားရတဲ့အတွက် သင်ကြားရတာအရမ်းကိုပျော်ရွှင်ရပါတယ်။ ကျောင်းက ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေရဲ့လိုအပ်ချက်တွေကို ဂရုစိုက်ပါတယ်။ Helix ကအရမ်းကိုထူးခြားကောင်းမွန်တဲ့ကျောင်းတစ်ခုဖြစ်တဲ့အတွက် တက်ရောက်ခဲ့ရတာကိုနောင်တမရခဲ့ပါဘူး။ ဆရာဆရာမတွေကလည်းအရမ်းကိုတော်ကြပြီး ကျောင်းသားကျောင်းသူတွေကို ရှင်းပြရာမှာလည်း အရမ်းကိုစိတ်ရှည်ပါတယ်။ အားလုံးနားလည်နိုင်လောက်တဲ့အထိကို သေချာဂရုတစိုက်ရှင်းပြတတ်ကြပါတယ်။ အကူဆရာဆရာမတွေကလည်း လေ့လာနေတဲ့ဘာသာရပ်တွေကို ရှင်းပြရာမှာအရမ်းကိုကောင်းမွန်ကြပါတယ်။ ပိုမိုကောင်းမွန်တဲ့ကျောင်းသားကျောင်းသူတွေဖြစ်လာပြီး အနာဂတ်ပန်းတိုင်ကိုရောက်ရှိနိုင်ဖို့အတွက်သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ လမ်းပြပေးပါတယ်။

အမှန်အတိုင်းပြောရရင်တော့ Helix မှာပထမဆုံးစာရင်းသွင်းတုန်းက အဲ့လောက်ကြီးမျှော်လင့်ချက်မထားခဲ့မိပါဘူး။ ဒါပေမယ့် တက်ရောက်ခဲ့ပြီး ၂လအကြာမှာတော့ ကိုယ်ထင်ထားခဲ့တာမှားခဲ့မှန်းသိခဲ့ရပါတယ်။ ကျောင်းအုပ်ကြီး၊ ဝန်ထမ်းတွေနဲ့ ဆရာဆရာမတွေက ကျောင်းနဲ့ ကျောင်းသားကျောင်းသူတွေရဲ့လိုအပ်ချက်တွေကို အချိန်တိုင်းလိုလိုစောင့်ကြည့်ပြီးဖြည့်ဆည်းပေးနေပါတယ်။ Helix ကရိုးရိုးသာမန်ကျောင်းတစ်ခုမဟုတ်ပဲ ကျောင်းသားကျောင်းသူတိုင်းရဲ့နှလုံးသားမှာ ဒုတိယအိမ်လိုပါပဲ။ ဆရာဆရာမအားလုံးဟာ အသင်အပြကောင်းကြပါတယ်။ အရမ်းထူးချွန်တယ်လို့မဟုတ်ပေမယ့် သူတို့ရဲ့စိတ်အားထက်သန်မှုတွေ၊ သူတို့ရဲ့ အသိပညာတွေနဲ့ဗဟုသုတတွေကို ကျောင်းသားကျောင်းသူတွေကို မျှဝေပေးချင်တယ်ဆိုတာကို ခံစားရပါတယ်။ ဘာသာရပ်တွေမှာလည်း စိတ်ဝင်စားမှုရှိလာအောင် ဆွဲခေါ်ယူတတ်ပြီး မေးခွန်းတိုင်းအတွက်လည်း အဖြေအမြဲရှိနေပါတယ်။

IGCSE ပညာရပ်ကို Online ကနေသက်တောင့်သက်သာသင်ယူလေ့လာချင်တယ်ဆိုရင်တော့ Helix Online Class တွေကသင့်အတွက်အကောင်းဆုံးပါပဲ။ သင်ခန်းစာရဲ့နားမလည်တဲ့အချိန်တိုင်းမှာ ဆရာဆရာမတွေကိုမေးမြန်းနိုင်ပြီးတော့ နားလည်ရလွယ်ကူတဲ့အချက်လေးတွေနဲ့ သင်တို့နားလည်အောင်ပြန်လည်ရှင်းပြပေးပါလိမ့်မယ်။ အချက်အလက်တွေနဲ့အဖြေတွေကို ကျက်မှတ်ခိုင်းတာထပ် အဲ့ဒီအဖြေဘယ်လိုရရှိလာတယ်ဆိုတာကို စဥ်းစားတွေးခေါ်နိုင်မယ့် အကြံဉာဏ်တွေကိုမျှဝေပေးပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်မယ့် အချက်တွေနဲ့လည်း ကျောင်းသားကျောင်းသူတိုင်းကို ချိတ်ဆက်နီးကပ်စေပါတယ်။

Helix International School ကသင်ယူရတာပျော်ဖို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ Online Class တွေပဲတက်ပေမယ့်လို့ ကျောင်းထဲကိုတော့ လက်တွေ့လေ့ကျင့်ခန်းတွေအတွက် သွားရတတ်ပါတယ်။ ကျောင်းကပြီးခဲ့တဲ့နှစ်သစ်ကူးမှာ ပါတီပွဲတစ်ခုကျင်းပပေးခဲ့ပါတယ်။ ကိုယ့်အတွက်အတွေ့အကြုံအသစ်တစ်ခုလိုဖြစ်နေပြီး တစ်ခြားသူတွေအတွက်လည်း ဒီလိုပဲဖြစ်မယ်ထင်ပါတယ်။ ကျောင်းကိုအရမ်းကြိုက်ရတဲ့အချက်ကတော့ ကျောင်းမတက်တဲ့သူတွေ၊ အမြဲတမ်းအတန်းထဲမှာ စိတ်တွေလွှင့်နေတတ်တဲ့ကိုယ့်လိုလူတွေအတွက် Recording တွေအမြဲလုပ်ပေးတာပါပဲ။ သင်ကြားမှုစရိတ်လည်းသက်သာပြီး ဆရာဆရာမတွေရဲ့ထူးခြားကောင်းမွန်တဲ့ သင်ကြားမှုတွေကြောင့် Helix ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။