Helix International School

Helixer တို့ရဲ့

Helix အကြောင်း

အခုခေတ်ကမ္ဘာကြီးက အရင်တုန်းကထက်ပိုပြီး ကောင်းတဲ့အခွင့်အရေးတွေကိုအမိအရဖမ်းယူနိုင်တဲ့အချိန်အခါကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီအခွင့်အရေးတွေကို ဖမ်းယူချင်တဲ့စိတ်ဓါတ်ပြင်းပြတဲ့သူတွေကပဲအမှန်တကယ်တိုးတက်နိုင်မဲ့သူတွေဖြစ်လာမှာပါ။ ဒါကြောင့်လူကြီးမင်းတို့ရဲ့သားသမီးတွေကိုအောင်မြင်မှုအခွင့်အရေးကောင်းတွေကိုဖန်တီးပေးချင်ပါသလား။

Helix ရဲ့ သင်ကြားမှုနည်းစနစ်တွေဟာရိုးရိုးသာမန်သင်ကြားမှုတွေထက်ထူးခြားပြီးသာလွန်တယ်လို့ဆိုလို့ရပါတယ်။ Helixer တို့ရဲ့သင်ယူလိုစိတ်တွေကိုထက်သန်လာအောင်လှုံဆော်ပေးနိုင်ဖို့အတွက် အမြဲတမ်းကြိုးစားလျက်ရှိပြီး ဒီအောင်မြင်မှုတွေရဲ့နောက်ကွယ်မှာကောင်းမွန်သော လမ်းညွှန်မှုတွေရှိတယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုနဲ့အတူ Helix ရဲ့ဆရာဆရာမများ ကျွမ်းကျင်သောဝန်ထမ်းများက Helixer တွေရဲ့အမြင့်ဆုံးစွမ်းရည်များကိုရရှိစေဖို့အတွက်ပံ့ပိုးကူညီပေးတဲ့ နေရာကောင်းတစ်ခုကိုဖန်တီးပေးနိုင်ဖို့အချိန်တိုင်းကြိုးစားလျက်ရှိပါတယ်။

Vision

ကျောင်းသားကျောင်းသူတိုင်း၏ တိုးတက်မှုများကို ထောက်ပံ့ပေးရန်၊ တိုးတက်နိုင်မှုလမ်းကြောင်းများကို ဖွင့်လှစ်ပြသပေးရန်၊ အချိန်နှင့်အမျှသင်ယူလေ့လာချင်စိတ်များ ရှင်သန်နေစေရန်။

Mission

  • Helixer တို့အတွက် ပညာရေးလမ်းကြောင်းမှာသာမက လုပငန်းခွင်အတွင်းမှာပါအောင်မြင်မှုရရှိစေနိုင်ရန်။
  • အချိန်နဲ့အမျှပြောင်းလဲနေသော ကမ္ဘာ့အသိပညာများကိုသိရှိစေနိုင်ရန်နှင့် တာဝန်ယူမှုရှိသောခေါင်းဆောင်ကောင်းများဖြစ်လာစေရန်။
  • Helixer တို့အတွက် လိုအပ်သောပညာရေးအထောက်အပံ့ကောင်းများ ပတ်ဝန်းကျင်ကောင်းများ နှင့် နားလည်ရလွယ်ကူစေနိုင်သောစေနိုင်သောသင်ပြမှုကောင်းများပေးနိုင်ရန်။

Helix ကိုဘာကြောင့်ရွေးချယ်သင့်တာလဲ?

တရားဝင်ခွင့်ပြုထားသော ပညာရေးစင်တာဖြစ်ခြင်း

Helix International School သည် Edexcel အဖွဲ့အစည်းရဲ့ တရားဝင်အသိအမှတ်ပြုလက်မှတ် (No. 94981) ရရှိထားတဲ့ ပညာရေးစင်တာဖြစ်ပြီးတော့ Helixer တွေရဲ့ ပညာရေးထူးချွန်မှုအတွက် British Council Yangon နှင့် ပူးပေါင်းထားသည့်အတွက် Edexcel IGCSE စာမေးပွဲတွေကို ဖြေဆိုနိုင်ပါတယ်။

အတွေ့အကြုံရှိသော ဆရာဆရာမများ

Helix ရဲ့ IGCSE သင်ရိုးညွှန်းတမ်းတွေကို အတွေ့အကြုံကောင်းတွေ၊ အချိန်တိကျမှုတွေ၊ အကျင့်စာရိတ္တကောင်းမွန်မှုတွေနဲ့ပြည့်စုံတဲ့ ဆရာဆရာမတွေက တာဝန်ယူပြီးအကောင်းဆုံးလေ့ကျင့်သင်ကြားပေးပါတယ်။

တစ်နေရာတည်းနဲ့တင်ပြည့်စုံသောပညာရေး

Helix ရဲ့ကျွမ်းကျင်ဆရာဆရာမတွေရဲ့ ပြီးပြည့်စုံတဲ့ သင်ကြားမှုတွေကြောင့် ကုန်ကျစရိတ်များတဲ့ ပြင်ပ ကျူရှင်သင်တန်းတွေမလိုအပ်ဘဲ ကျောင်းသားများဟာ စိတ်ဝင်စားရာလေ့လာနိုင်ဖို့အတွက် အပိုအားလပ်ချိန်များရရှိနိုင်မှာပဲဖြစ်ပါတယ်။

သင်ရိုးပြင်ပလှုပ်ရှားမှုများ

Helixer တွေရဲ့ဘဝကဏ္ဍပေါင်းစုံမှာ အောင်မြင်နိုင်ဖို့ ပြင်ဆင်ပေးတဲ့ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်ဖို့အတွက်စုံလင်တဲ့သင်ရိုးပြင်ပလှုပ်ရှားမှုများကိုလည်း ဖန်တီးပေးလျက်ရှိပါတယ်။

အဆောက်အအုံ၊ လုံခြုံရေးနှင့် တည်နေရာ

Helix University College ကစိတ်ချယုံကြည်ရတဲ့ အမြင့်ဆုံးပညာရေး စံနှုန်းများဖြင့်သင်ကြားပေးနေသည့်အပြင် မိဘတွေရဲ့ကိုယ့်သားသမီးအပေါ်စိုးရိမ်မှုမရှိစေရန်အတွက် လုံခြုံရေးဂိတ်ထားရှိပေးခြင်းဖြင့် Helixer တို့ရဲ့လုံခြုံမှုကို ဦးစားပေးလျက်ရှိပါသည်။

အားလုံးအတွက်အရည်အသွေးပြည့်မှီသော ပညာရေး

Helix International School ရဲ့ပညာရေးဆိုင်ရာပရိုဂရမ်တွေအားလုံးကို Online Class တွေနဲ့လည်း တက်ရောက်နိုင်ပြီး Helixer တွေကို ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံတကာအဆင်မှီပညာရေးနဲ့တပြေးညီ သင်ယူနိုင်ဖို့အတွက် အမြဲကြိုးစားလျှက်ပါ။